Q: ဆရာရေ viber marketing or advertising ကို ဘယ်မှာ လေ့လာရမလဲ။
A: viber marketing နဲ့ advertising ကို viber ဆိုပြီးမလေ့လာနဲ့ viber က viber လိုမျိူး ကျွန်တော်တို့ IM ပေါ့နော် insect decision ad တွေ , IM Ad တွေ အဲ့ဒီ IM တွေအကုန်လုံးက mail marketing ကနေပြောင်းလာကြတာ mail marketing က ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်ပေါင်း မြန်မာပြည်မှာ မဟုတ်ဘူးနော် လွန်ခဲ့တဲ့နှစ်ပေါင်း သုံးလေးငါးဆယ်လောက်က အဲ့ဒီ develop country တွေမှာရှိနေပြီးသား mail ပို့ကြတယ် ကျွန်တော်တို့ အခုထိလည်း အဲ့ဒီ mail marketing အလုပ်ဖြစ်နေသေးတယ်။ ကျွန်တော်တို့က နှိပ်တဲ့ရာခိုင်နှုန်းနည်းသွားတာဘဲရှိတာ open rate နဲ့ click rateဘဲ ရာခိုင်နှုန်းနည်းသွားတာဘဲရှိတာ လက်ရှိအချိန်ထိကို ကျွန်တော် အရင် ရိုးမဘဏ်မှာတုန်းက 36.7% နှိပ်တဲ့ rate ရတယ်။ ပြီးတော့ ကျွန်တော်မြန်မာပြည်မှာ ကျွန်တော်အခု Level Up အတွက်ကို client တစ်ယောက်ကို လုပ်ပေးတုန်းက ၃၂.၇% rate ရတယ် အဲ့တော့ viber marketing or advertising တွေလည်း အတူတူဘဲ ကျွန်တော်အမြင်က ဘာလို့လဲဆို content ကိုဘဲပြနေတာ content ကိုပြတဲ့အချိန်မှာ အရေးကြီးတာသည် လူတွေကဘာတွေကိုဖတ်လဲဆို title ကိုဖတ်တယ် E mail မှာဆိုလိုရှိရင် ကျွန်တော်တို့ subject ကိုဖတ်သလိုမျိုး viber မှာဆိုလို့ရှိရင် title ကို အရင်ဆုံးဖတ်တယ်၊ title ကဘယ်လောက်ထိဆွဲဆောင်မှုရှိနေလဲဆိုတဲ့ဟာမျိုးပေါ့နော် အဲ့တော့ viber marketing အခု viber marketing က(၂)ပိုင်းကွဲ သွားတယ်။ paint & own နဲ့ paint မှာကတော့ ဒါကျွန်တော်တို့ media ပိုင်းပေါ့လေ ဖုန်းချတဲ့ အချိန်မှာမြင်ရတဲ့ ဟာမျိုးတွေရှိမယ်။ ပြီးတော့ Sticker တွေ မြင်ရတဲ့ ဟာမျိုးတွေ ဘာတွေမြင်ရတယ်ညာတွေမြင်ရတယ် ဟာမျိူးတွေရှိမယ် အဲ့ဟာတစ်ပိုင်း ပြီးတော့ နောက်တစ်ပိုင်းကကျတော့ own marketing ဆိုတာ facebook page ပေါ်မှာ post တင်အတိုင်းဘဲ ကျွန်တော်တို့က postတင်တဲ့ ဟာမျိုးတွေရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့က mail marketing ကိုပိုပြီးတော့ social marketing ထက်ပိုပြီးတော့ အားပေးတယ် ဘာကြောင့်လဲဆိုတော့ IM တွေဖတ်တဲ့အချိန်မှာလူတွေက တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းစာပို့နေကြတာ အဲ့တော့ facebook လိုမျိုး passage reading ထက်စာလို့ရှိရင် viber သည် ကိုယ့်ကိုတိုင် chat ချင်တယ် ကိုယ့်ကိုတိုင် ကြည့်ချင်တယ် ကိုယ့်ကိုတိုင်ရှာချင်တယ်ဆိုတဲ့ ဥပမာဗျာ ကျွန်တော်တို့ “တောင်”ဆိုပြီးတက်လာလို့ရှိရင် တစ်ခုခုစာပြန်ချင်တဲ့ စိတ်ကလူတိုင်းနီးပါးမှာရှိတယ် အဲ့တော့ ကျွန်တော်တို့က mail marketing ကိုဦးစားပေးပြီး သွားကြပါ mail marketing လိုမျိုးဘဲ ကျွန်တော်တို့က viber တွေထဲမှာ link တစ်ခုခုတော့ ထည့်စေချင်တယ် ဥပမာ ကျွန်တော်တို့က website ရှိသော်လည်းကောင်း facebook page သော်လည်းကောင်း တစ်ခုခုပေါ့နော် link လေးထည့်လိုက်ရင် customer ရဲ့ Journey ထဲမှာ viber သည် အစအဆုံးမဟုတ်တော့ဘူး။ viber သည်လည်း အစအဆုံး မဖြစ်နိုင်ဘူးလို့လည်း ယူဆထားတယ် ဘာဖြစ်လို့လဲဆိုတော့ viber က information sharing platform တစ်ခုနဲ့ဘဲနေတာ information provide လုပ်နိုင်တဲ့ platform မဟုတ်ဘူး။ ဘာလို့ဆိုတော့ viber ထဲမှာဘယ်သူမှ အပေါ်တက်ပြီးတော့ ဘာတွေ post လုပ်ခဲ့တယ်ဆိုတာ ရှာမနေဘူး။ viberထဲမှာ ကျွန်တော်တို့ အချင်းချင်း စကားပြောဖို့က group မဟုတ်ဘူးဆို ခဲယဉ်းတယ်။ဥပမာ viber page တွေ viber community တွေဆိုလို့ရှိရင်က comment မန့်လို့ရတယ် ဆိုပေမဲ့ အဲ့ဒီ viber page သည် ဘယ်တော့မှ facebook လိုမျိုး home feed ကြီးမှာ ကိုယ့်ရဲ့ new feed ကြီးမှာ ဒီ page ကို like မလုပ်ထားတဲ့သူတွေဆီမှာ သွားပေါ်မနေဘူး အဲ့တော့ ဒီgroup ထဲကို ဒီ page ပေါ်ကို ဝင်နေတဲ့သူကနေပြီးတော့ဘဲဒီ viber ရဲ့စာကို မြင်နေရမှာဖြစ်တဲ့အလျှောက် ကျွန်တော်တို့က ဒီ brand ကို မသိဘူးဆိုလို့ရှိရင်က ဒီgroup ထဲကိုဝင်လာဖို့ ခဲယဉ်းတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ customer Journey ကြီးက ဘယ်လိုဖစ်သွားလဲဆိုတော့ facebook ကနေပြီးတော့မှ viber ကိုဝင်လာတာ ကျွန်တော်တို့ brand ကိုသိပြီးသား အဲ့ဒီသိပြီးသားသူတွေကို ကျွန်တော်တို့က ဖတ်ချင်လာအောင် ခုနကပြောတဲ့ mail လုပ်တဲ့ marketing တွေရှိပါတယ်။ ဖတ်ကြည့်ပါ google မှာ အများကြီးရှိပါတယ် အဲ့ဟာရဲ့ အသေးစိတ်တော့ ကျွန်တော်မပြောတော့ဘူးပေါ့ အဲ့တော့ viber မှာ ကျွန်တော်တို့ရဲ့ အကြောင်းရာလေးတွေ သူတို့စာဖတ်ရတယ်။ အဲ့အကြောင်းအရာလေး စာဖတ်ပြီဆိုလိုရှိရင် viber ကလည်းစျေးဝယ်လို့မရပြန်ဘူး။ viberကနေ ဘယ်ကိုဆက်သွားမှာလည်း ကျွန်တော်ပြောတဲ့ customer jounery ဆိုတာ အဲ့တာ facebook ကနေပြီး viber ထဲဝင်လာတယ် viber မှာစျေးဝယ်လို့မရတဲ့ အချိန်မှာ viber ကနေပြီးတော့ ဘယ်ကို ဆက်ခုန်သွားခိုင်းအုန်းမှာလဲ ကျွန်တော်တို့ website လား messengerလား facebook page ကိုလား ဒါမှမဟုတ် ကျွန်တော်တို့ ဆိုင် ဖုန်းနံပတ်ကိုလား အမျိုးမျိုးကျွန်တော်တို့က သွားလို့ရတယ် အဲ့တော့ အဲဒီ facebook မှာ ကိုယ့်ရဲ့ viber ကို ဘယ်လိုမျိုးဆွဲခေါ်မှာလဲဆိုတဲ့ content တစ်ခုလိုမယ်။ viber မှာကျွန်တော်တို့က နေ့တိုင်းသွားမယ့် content တွေလိုမယ် viber ကနေပြီးတော့မှ next step, next customer jounery ကို ဘယ်လို ဆက်သွားရမလဲ ဆိုတဲ့ဟာ တစ်ခုလိုပါမယ်။ အဲ့ဒီဟာတွေအကုန် customer jouneryကို map လုပ်ပြီးတော့မှ ဘယ်အချိန်မှာဘယ်လိုမျိုး content မျိုးတွေ လုပ်ကြမလဲဆိုတဲ့ဟာမျိုးလေးကိုတော့ အရင်ဆုံးစဉ်းစားကြည့်စေချင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm